ဒီကဗျာလေးက တစ်ယောက်တည်းသော မင်းအတွက်ပါ...
ငါ
စာရေးဆရာတစ်ယောက် မဟုတ်ဘူး
ဒါပေမဲ့
ငါတို့ရဲ့ချစ်ပုံပြင်လေးကို ငါကိုယ်တိုင်ရေးဖွဲ့မယ်။
ငါ ကဗျာဆရာတစ်ယောက်မဟုတ်ဘူး
ဒါပေမဲ့
မင်းအတွက် အကောင်းဆုံးကဗျာတစ်ပုဒ် ငါရေးဖွဲ့မယ်။
ငါ အဆိုတော် တစ်ယောက်မဟုတ်ဘူး
ဒါပေမဲ့
မင်းအတွက် အချစ်သီချင်းလေးတစ်ပုဒ် ငါသီဆိုမယ်။
ငါ Dancer တစ်ယောက်မဟုတ်ဘူး
ဒါပေမဲ့
မင်းနဲ့အတူ မိုးရေထဲမှာ အတူတွဲကမယ်။
ငါ ပန်းချီဆရာတစ်ယောက်မဟုတ်ဘူး
ဒါပေမဲ့
မင်းအတွက်အလှပဆုံးပန်းချီကားတစ်ချပ်ကို ငါပုံဖော်မယ်။
ငါဟာ ပြီးပြည့်စုံတဲ့သူတစ်ယောက်မဟုတ်ပါဘူး
ဒါပေမဲ့
မင်းကိုချစ်ရင်းနဲ့ ငါကိုယ့်ငါ အကောင်းဆုံးဖြစ်စေမယ်။