Friday, May 24, 2013

ရယ်စရာ ဟာသများ

ပုလင်း ပုံပြင် 

အပိုင်း (၁)
 တစ်ခါက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် လူမျိုး(၃)ဦးသည် သဲကန္တာရ တစ်ခုတွင် ခရီးအတူ သွားကြသည်။            တစ်နေရာရောက်သော် ပုလင်းတစ်လုံးကို တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သောအခါ ထိုပုလင်းကို စောင့်သော နတ်သားတစ်ပါး ထွက်လာသည်။ (အာလာဒင်ပုံပြင် မဟုတ်ပါ) နတ်သားက တစ်ယောက်စီကြိုက်နှစ်သက်ရာ ဆန္ဒ(၃)မျိုးကိုတောင်းဆိုစေသည်။
ပထမဦးစွာ အင်္ဂလိပ်လူမျိုးက
"ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒကရော"
" ပိုက်ဆံတွေ ထပ်လိုချင်သေးတယ်"
"တတိယ ဆန္ဒကရော"

"ကျွန်တော်မျိုးကို နေရပ်ကို ပို့ပေးပါ"
သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ကို ပိုက်ပြီး မိမိနိုင်ငံကို ပြန်သွားရသည်။

တဖန် ပြင်သစ်လူမျိုးက
"ကျွန်တော်မျိုး မိန်းမလှလှလေး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒပြောပါ"
" မိန်းမလှလှလေး နောက်တစ်ယောက် ထပ်လိုချင်တယ်"
"တတိယ ဆန္ဒပြောပါ" "ကျွန်တော်မျိုးရဲ့ နိုင်ငံကို ပြန်ပို့ပေးပါ"
ပြင်သစ်လူမျိုးမှာ မိန်းမလှလေးတွေ အဖော်ပြုပြီး မိမိနိုင်ငံကို ပြန်သွားရသည်။

နောက်ဆုံး တရုတ်လူမျိုး အလှည့်တွင်
"ကျွန်တော်မျိုး ရေဆာတယ် ရေတစ်ပုလင်းအရင်ပေးပါ"
"ဒုတိယ ဆန္ဒပြောပါ"
"ရေနောက်ထပ် တစ်ပုလင်းပေးပါ"
"တတိယ ဆန္ဒပြောပါ"
"ကျွန်တော်မျိုး သူတို့နှစ်ယောက်ကို သတိရနေတယ်။ သူတို့ ဒီပြန်ရောက်အောင် လုပ်ပေးပါ"

အပိုင်း (၂)
အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးမှာ မကျေမနပ်ဖြင့် တရုတ်လူမျိုးနှင့် အတူ ခရီးဆက်ပြန်သည်။ တစ်နေရာ ရောက်သော် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်ရာ နတ်သားတစ်ပါး ထွက်လာပြန်သည်။ နတ်သားက တစ် ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၂)မျိုးကို တောင်းဆိုစေသည်။ အင်္ဂလိပ်နှင့်ပြင်သစ် လူမျိုးက တရုတ်လူမျိုး အကောက်ကြံမည် စိုးသောကြောင့် သူ့အား အရင် တောင်းဆိုစေသည်။

တရုတ်လူမျိုး
"ကျွန်တော်မျိုးအား ရေတစ်ပုလင်း အရင်ပေးပါ"
နတ်သား "နောက်ဆုံးတစ်ခု တောင်းဆိုချင်တာက ... "
" နောက်ဆုံးတောင်းဆိုချင်တာက အရှင် ဒီကထွက်သွားပါ"

အင်္ဂလိပ်နှင့် ပြင်သစ်တို့ ဘာမှ မတောင်းဆိုရခင် နတ်သားမှာ ပျောက်ကွယ်သွားသည်။

အပိုင်း (၃)
အင်္ဂလိပ်နှင့် ပြင်သစ်မှာလည်း ဒေါသထွက်ပြီး ခရီးဆက်ပြန်သည်။ တစ်နေရာတွင် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီး တစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၁)မျိုးကို တောင်းဆိုစေသည်။

အင်္ဂလိပ်လူမျိုး "ဒီတရုတ်လူမျိုးကို မမြင်ချင်တော့ဘူး"
ပြင်သစ်လူမျိုး " ကျွန်တော်မျိုးလည်း သူ့ကို မမြင်ချင်ဘူး"
တရုတ်လူမျိုး "သူတို့တောင်းဆိုတာတွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့"

အပိုင်း (၄)
အင်္ဂလိပ်နှင့် ပြင်သစ်မှာ လက်သီးကိုဆုတ် အံကိုကြိတ်ပြီး ခရီးဆက်ပြန်သည်။ တစ်နေရာတွင် ပုလင်းတစ်လုံး တွေ့ပြန်သည်။ နတ်သားတစ်ပါး ထွက်လာပြီး သူတို့(၃)ဦးကို လိုအင်ဆန္ဒ တစ်ခုပဲ တောင်းဆိုစေသည်။
အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးက တရုတ်လူမျိုးကို တောင်းဆိုစေပြီး နတ်သားအားလည်း သူ၏ဆန္ဒ မပြည့်စေရန် တိုးတိုးပြောသည်။
တရုတ်လူမျိုးက "ကျွန်တော်မျိုး တောင်းဆိုချင်တာက သူတို့နှစ်ဦးကို နေရပ်ပြန်ပို့ပေးလိုက်ပါ။ ကျွန်တော်မျိုးနဲ့ ဒုက္ခခံ နေတာ မကြည့်ရက်လို့ပါ " ဟူတည်း။

Wednesday, May 22, 2013

ဗဟုသုတ များ

ဆရာဝန် အမျိုးအစားမျာ
 


၁) Psychiatrist >>> စိတ်ရောဂါအထူးကုဆရာဝန်/ စိတ်ကျန်းမာရေးဆိုင်ရာ အထူးကုဆရာဝန်


၂) Podiatrist >>> ခြေထောက်ဆိုင်ရာအထူးကုဆရာဝန်



၃) Optometrist >>> မျက်စိအထူးကုဆရာဝန်



၎) Dentist >>> သွားဆရာဝန်



၅) Urologist >>> ဆီးရောဂါအထူးကုဆရာဝန်



၆) Obstetrician >>> ကိုယ်ဝန်ဆောင်နှင့် သားဖွားဆရာဝန်



၇) Pediatrician >>> ကလေးအထူးကုဆရာဝန်



၈) Oncologist >>> ကင်ဆာရောဂါအထူးကုဆရာဝန်


၉) Neurologist >>> ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်



၁၀) Cardiologist >>> နှလုံးရောဂါအထူးကုဆရာဝန်



၁၁) Nephrologist >>> ကျောက်ကပ်ရောဂါအထူးကုဆရာဝန်



၁၂) Rheumatologist >>> အဆစ်ရောင်နာနှင့် အခြားသော 

အရိုးအဆစ်ကြွက်သားရောဂါများဆိုင်ရာအထူးကုဆရာဝန်


၁၃) Dermatologist >>> အရေပြားအထူးကုဆရာဝန်



၁၄) Endocrinologist >>> သိုင်းရိုက် (thyroid) အကြိတ်နှင့် ဟိုမုန်း၊ ဂလင်းရောဂါများဆိုင်ရာအထူးကုဆရာဝန်



အထွေထွေ ဗဟုသုတများ



၁)  ဥကပေါက်တဲ့ တိရိစ္ဆာန်တွေမှာ ချက်မရှိပါဘူး...

၂)  လူတစ်ယောက်သေဆုံးတဲ့အခါမှာ ပထမဆုံးပျောက်ဆုံးသွားတဲ့အာရုံက အမြင်အာရုံဖြစ်ပြီး...      နောက်ဆုံးပျောက်ဆုံးသွားတာကတော့ အကြားအာရုံဖြစ်ပါတယ်...

၃)  လက်ရှိ ဖေ့စ်ဘွတ်အသုံးပြုနေသူအရေအတွက်ဟာ ၁၈၀၄ ခုနှစ်တုန်းက ကမ္ဘာ့လူဦးရေထက် ပိုများပါတယ်...

၎)  အရက်ဟာ အမျိုးသားတွေရဲ့ လိင်ဟော်မုန်းတွေကိုလျှော့ကျစေပေမဲ့ အမျိုးသမီးတွေကိုတော့ တိုးမြှင့်စေပါတယ်...

၅)  ငှက်ပျောသီးစားထားတဲ့လူတွေကို ခြင်ပိုကိုက်ပါတယ်...

၆)  shopping mall တွေရောက်တဲ့အခါ ချောမွေ့မာကျောတဲ့ မျက်နှာပြင်မှာ သူတို့ဖနှောင့်ကျသံ  တဒေါက်ဒေါက်ကို ပြန်ကြားရတဲ့ အမျိုးသမီးတွေဟာ ဈေးပိုဝယ်ဖြစ်ကြပါတယ်..


၇)  ရင်သားကင်ဆာရောဂါဆိုတာနဲ့ လူတွေက အမျိုးသမီးတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်... တကယ်တော့ အဲ့ဒီရောဂါဟာ အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်...

၈)  ဂီတသံဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာနှစ်မျိုးလုံးကို သက်သာစေပါတယ်...

၉)  လူတစ်ယောက်ဟာ ချစ်သူရည်းစားရပြီဆိုတာနဲ့ ပျမ်းမျှအားဖြင့် သူငယ်ချင်းမိတ်ဆွေ နှစ်ယောက်လောက်ကို ဆုံးရှုံးကြရပါတယ်...

၁၀)  ပျားရည်ထုတ်နိုင်တဲ့ ပျားကောင်တွေဟာ အနံ့ခံခွေးတွေလိုပဲ ဗုံးနဲ့ မူးယစ်ဆေးဝါးတွေကို အနံ့ခံနိုင်အောင် လေ့ကျင့်ပေးလို့ရပါတယ်...

၁၁)  ကမ္ဘာပေါ်မှာရှိတဲ့ တိရိစ္ဆာန်တွေအားလုံးအနက်မှာ သားပိုက်ကောင်တွေကသာ လေမလည်တာပါ...

ဗဟုသုတများ 

၁)  ဆေးလိပ်မီးညှိရာမှာသုံးတဲ့ မီးခြစ်မျိုးတွေကို မီးခြစ်ဘူးနဲ့ မီးခြစ်ဆံကိုသုံးတဲ့ မီးခြစ်မျိုးတွေထက် အရင်စောပြီး တီထင်ခဲ့ကြပါတယ်...

၂)  လီယိုနာဒိုဒါဗင်ချီဟာ သူ့ရဲ့ အထင်ရှားဆုံးပန်းချီကားဖြစ်တဲ့ မိုနာလီဇာပန်းချီကားမှာ လက်မှတ်ရေးထိုးခြင်း ဒါမှမဟုတ် ရက်စွဲတပ်ခြင်းကို လုံးဝမပြုလုပ်ခဲ့ပါဘူး...

၃)  မြေငလျင်လှုပ်နေတဲ့အချိန်မှာ ပိုးဖလံတွေဟာ မပျံသန်းနိုင်ပါဘူး....

၎)  တောင်ဝင်ရိုးစွန်က ရေခဲမြစ်တွေထဲက သုံးရာခိုင်နှုန်းနီးပါးဟာ ပင်းဂွင်းငှက်တွေရဲ့ ဆီးတွေဖြစ်ပါတယ်...

၅)  ရေမြှုပ်ကျောက် (pumice) ဟာ ရေမှာပေါ်နိုင်တဲ့ တစ်မျိုးတည်းသော ကျောက်ဖြစ်ပါတယ်...

၆)  ကုလားအုတ်နို့ဟာ အချဉ်ပေါက်ခြင်း ပျက်ခြင်းမရှိပါဘူး...

၇)  သင့်ခြေဖဝါးဟာ သင့်လက်ဖျံနဲ့ အလျားတူပါလိမ့်မယ်... သင့်လက်မ ဟာလည်းသင့်နှာခေါင်းနဲ့ အရှည်တူပါလိမ့်မယ်... သင့်နှုတ်ခမ်းရဲ့အလျားက လက်ညှိုးအရှည်နဲ့ တူနေပါလိမ့်မယ်...

၈)  အမျိုးသားတွေရဲ့ ရွပ္အက်ႌၾကယ္သီးဟာ ညာဘက္မွာရွိၿပီး အမ်ိဳးသမီးရွပ္အက်ႌၾကယ္သီးကေတာ့ ဘယ်ဘက်မှာတပ်ထားကြပါတယ်...

၉)  အီဂျစ်နိုင်ငံ ဂီဇာမြို့မှာရှိတဲ့ မဟာပိရမစ်ကြီး (Great Pyramid) ဟာ အပူချိန် ၆၈ ဒီဂရီဖာရင်ဟိုက်မှာ ပုံသေထိန်းထားနိုင်ပါတယ်...

၁၀)  အုန်းသီးနုနုထဲမှာရှိတဲ့ အုန်းရည်ကို သွေးရည်ကြည်အဖြစ် အစားထိုးအသုံးပြုနိုင်ပါတယ်...

၁၁)  ဂါလီဗာရဲ့ ခရီးစဉ်များ စာအုပ်ကိုရေးသားခဲ့သူ Jonathan Swift ဟာ မားစ်ဂြိလ်ရဲ့ ဂြိုလ်ရံလနှစ်စင်းဖြစ်တဲ့ Phobos နဲ့ Deimos တို့ရဲ့ အရွယ်အစားအတိအကျနဲ့ သူတို့ရဲ့ လှည့်ပတ်နေတဲ့နှုန်းကို ရှင်းလင်းဖော်ပြခဲ့ပါတယ်... သူရေးသားခဲ့တဲ့ကာလဟာ အဲ့ဒီလတွေကိုရှာဖွေတွေ့ရှိခဲ့တဲ့ အချိန်ထက် နှစ်ပေါင်း ၁၀၀ လောက်စောတဲ့ အချိန်ကဖြစ်ပါတယ်...


သိထားသင့်သော ခန္ဓာကိုယ် အကြောင်း အရာများ  

 ၁) ဦးနှောက်ကအသုံးပြုတဲ့ စွမ်းအင်ဟာ ၂၅ ဝပ် မီးသီးတစ်လုံးလင်းဖို့ လုံလောက်တဲ့ ပမာဏရှိပါတယ်...

၂) နှာခေါင်းဟာ အနံ့ပေါင်း ၅၀၀၀၀ (ငါးသောင်း) ကို မှတ်သားသိရှိနိုင်စွမ်းရှိပါတယ်...

၃) လူ့ကိုယ်ခန္ဓာမှာ အသေးဆုံးအရိုးက middle ear မှာ တည်ရှိတဲ့ stapes ဒါမှမဟုတ် stirrup လို့ခေါ်တဲ့အရိုးဖြစ်ပါတယ်.. ဒီအရိုးဟာ ခန့်မှန်း ၀.၁၁ လက်မသာရှိပါတယ်...

၎) လူတွေမှာ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့ လက်ဗွေရာတွေရှိသလို လျှာတွေမှာရှိတဲ့ အရေးအကြောင်းတွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် ကွဲပြားစွာရှိနေကြပါတယ်... လျှာဗွေရာလို့ ဆိုရမယ်ထင်ပါတယ်...

၅) လူရဲ့နှလုံးဟာ သွေးတွေကို ပေ ၃၀ အမြင့်အထိ ပန်းထုတ်နိုင်လောက်တဲ့ ဖိအားရှိပါတယ်...

၆) သင့်အစာအိမ်အတွင်းနံရံဟာ သုံးလေးရက်ကြာတိုင်း အသစ်လဲပါတယ်... အဲ့ဒီလိုမလဲဘူးဆိုရင် အစာအိမ်ထဲမှာ အစာချေချက်ပေးတဲ့ အက်ဆစ်ပြင်းတွေဟာ သင့်အစာအိမ်နံရံကိုလည်း တိုက်စားချေဖျက်သွားမှာဖြစ်ပါတယ်...


၇) သင့်ကိုယ်ခန္ဓာမှာ ကြွက်သားပေါင်း ၆၅၀ ကျော်ရှိပါတယ်...

၈) လူတစ်ယောက်ဟာ သူ့ရဲ့ဘဝသက်တမ်းတစ်လျှောက်မှာ ပျမ်းမျှအားဖြင့် ၄၀ ပေါင် လောက် အလေးချိန်ရှိတဲ့ အရေပြားတွေကို လဲလှယ်ခဲ့ပါတယ်..

၉) အူရဲ့အရှည်ဟာ ၂၃ ပေလောက်ရှိပါတယ်...

၁၀) ဆီးအိမ်ဟာ အကြမ်းအားဖြင့် ခရစ်ကက်ဘောလုံးတစ်လုံးစာ အရွယ်အစားလောက်ရှိပါတယ်...

၁၁) လက်သည်းဟာ အခြေကနေ ထိပ်ဖျားကိုရှည်ထွက်လာဖို့ ၆ လလောက် အချိန်ယူရပါတယ်...

၁၂) လူ့အရေပြားရဲ့ တစ်လက်မပတ်လည်အတွင်းမှာ သွေးကြောမျှင်ပေါင်း ပေ ၂၀ ပါရှိပါတယ်...

၁၃) လူရဲ့ ပေါင်ရိုးတွေဟာ ကွန်ကရစ်ထက် ပိုခိုင်မာပါတယ်...

၁၄) အရေပြားရဲ့ တစ်လက်မပတ်လည်အကွက်အတွင်းမှာရှိတဲ့ အမွေးအရေအတွက်ချင်းနှိုင်းယှဉ်ရင် လူသားတွေဟာ ချန်ပန်ဇီမျောက်တွေထက် အမွေးပိုများပါတယ်...

၁၅) ခြေထောက်တစ်စုံမှာ ချွေးဂလင်းပေါင်း ၅၀၀၀၀၀ (ငါးသိန်း) ရှိပါတယ်...